Welcome To G.C.C Taung Ngu Forum Index Welcome To G.C.C Taung Ngu
တောင်ငူကွန်ပျူတာမှ သူငယ်ချင်းများ ဒီနေရာမှာ ပြန်လည်ဆုံတွေ့ကြရအောင်
 
 FAQFAQ   SearchSearch   MemberlistMemberlist   UsergroupsUsergroups   RegisterRegister 
 ProfileProfile   Log in to check your private messagesLog in to check your private messages   fchat fChat   Log inLog in 

သူတို့ပြောတဲ့ G.C.C Taung Ngu အá

Post new topic   Reply to topic    Welcome To G.C.C Taung Ngu Forum Index -> Your Student Life in Taungngu
View previous topic :: View next topic  
Author Message
pannmo
Junior G.C.C User

Joined: 12 Jan 2008
Posts: 18

PostPosted: Wed Jan 16, 2008 4:06 pm    Post subject: Reply with quote

ကျောင်းအကြောင်း အမှတ်တရတွေပြောမယ်ဆိုရင်တော့ အင်း----- သစ်တောကျောင်းလေးထဲမှာ ကပ်ပြီး စာသင်ခဲ့တာတွေလည်း မှတ်မှတ်ရရပါပဲ………..
First Year စစတက်ချင်းနေ့တွေကတော့ တက်ကြွတဲ့ ငလက်မလေးတွေပေါ့နော်။ အဆောင်နောက်က တောင်တန်းကြီးကို ကြည့်ကြည့်ပြီး အိမ်ကိုလွမ်းလို့ ငိုလိုက်ရတာလည်း အမော… မနက်ဆို အစောကြီးတွေထ၊ ပြင်ဆင်ပြီး အဆောင်ရှေ့ထွက်ပြီး မြို့ပတ်ကားကိုစောင့်၊ အဲ့ဒီတုန်းက တကယ့်ကို အူကြောင်ကြောင်ရယ်ပါ… Seniorက အမတွေကတော့ အဲ့ဒီလောက်ကြီးမလိုဘူးလို့ တားရှာပါသေးတယ်… လူကလည်း ဘုမသိဘမသိနဲ့ ကြောက်ကလည်းကြောက်တတ်နဲ့ ကျောင်းကိုအစောကြီး ရောက်ရောက်သွားတာပါ… ကွန်ပျူတာကျောင်းရယ်လို့ သတ်သတ်မှတ်မှတ်လည်း မရှိသေးတော့ သစ်တောကျောင်းဝင်းထဲက မူလတန်း ကျောင်းဆောင်သာသာလေးဆီမှာ First Year ရဲ့ နေ့ရက်များကိုဖြတ်သန်းခဲ့ရတာပါ… ပန်းမိုတို့ batch က တောင်ငူ GCC မှာဆိုရင် 3rd batch လို့ပြောလို့ရပါတယ်… Senior တန်း 2 တန်း ကလည်း လူသိပ်မများပါဘူး စာလည်း အရမ်းတော်ကြပါတယ်… Junior တန်းက ညီမလေးတွေ ဘယ်အချိန်စာသွားမေးမေး နားလည်အောင် ရှင်းပြပြောပြ ပေးကြပါတယ်… အရမ်းလည်း ချစ်ဖို့ကောင်းပါတယ်… ကျောင်းအကြောင်းပြောရင်းနဲ့ ကြားဖြတ်လေးတွေပေါ့နော်……: D
သစ်တောကျောင်းဝင်းထဲက Computer ကျောင်းလေးအကြောင်း ဆက်ပြောမယ်နော်… မြို့ပတ်ကားနဲ့ ၁၀ မိနစ်လောက် စီးပြီးရင် ကျောင်းထဲကို ရောက်ပါတယ်… တခါတခါတော့ ကျောင်းဝင်းအပြင်မှာပဲ ကားက ရပ်ပေးတော့ ၇ မိနစ်လောက်လမ်းလျှောက်ဝင်ရပါတယ်… သစ်ပင်တွေက ဆိုင်းပြီးတော့ မြေနီလမ်းကို လျှောက်ရတာ တကယ့်ကိုကြည်နူးစရာပါ… (ဒီလိုပဲ ရှာကြံပြီး အကောင်းပြောရတာ) Morning 8:00 AM – 12:00 PM အထိ စာကို ၃ ချိန်သင်ပါတယ်… Canteen ကလည်း တခုတည်းရယ်ပါ… မနက်စောစောတွေထပြီး ပြင်ဆင်နေတာနဲ့ (ထွက်လာတော့ ဒီပုံပါပဲ)၊ Breakfast ကို တချိန်နဲ့ တချိန်ကြား Canteen မှာ အပြေးအလွှား သွားစားရပါတယ်… အမှန်တော့ ဘာမှလည်း ဟုတ်တိပတ်တိ မရပါဘူး… ကော်ဖီ၊ ကွေကာ၊ ပေါင်မုန့်ကြက်ဥကြော်၊ လက်ဖက်ထမင်း စသည်ဖြင့်ပေါ့…….. Toilet ဆိုလို့လည်း ရေမရှိတဲ့ Toilet နဲ့နဲ့လေး ၁လုံးတည်းရယ်ပါ… ရေမရှိဘူးဆိုတာလည်း အမှန်ပါ။ ရေမရှိတဲ့အပြင် မြွေစိမ်းလေးတွေတောင် ရှိလိုက်ပါသေးတယ်။ Blind ကြီးမပြောပါဘူး၊ ကိုယ်တွေ့ပါ။
အဲ့ဒီနေ့က မှတ်မှတ်ရရပါ… ကျောင်းတက်ပြီး ၃ ရက်အကြာမှာပေါ့… ကံမကောင်းတာကတော့ တနေကုန်ပါပဲ…. မြို့ပတ်က တော်တော်နဲ့ မလာတော့ အဆောင်ကနေကျောင်း အထိကို လမ်းလျှောက်လာ ရပါတယ်.. နောက်ပြီး ကျောင်းမှာက စောရောက်နေပါတယ်.. အဆောင်မှာကလည်း ကိုယ်က coffee သောက်ခဲ့ပါတယ် ကျောင်းရောက်တော့ စောကလည်းစောနေ၊ သူငယ်ချင်းတွေကလည်း canteen မှာသွားထိုင်ပြီး coffee ထပ်သောက်ဖြစ်ပါတယ် ဗိုက်ထဲကို input အနေနဲ့က liquid တွေဝင်တာ များသွားပါတယ် အဲ့ဒီတော့ output ပြန်ပြီး ထွက်ချင်လာတာပေါ့နော် Toilet ကိုလည်း ရှိတယ်လို့ပဲ သိထားတာပါ ရေရှိမရှိကို မသိပါဘူး… tissue လေးတော့ ဆောင်သွားတာပေါ့နော်! Toilet သွားပြီး ရေရှိမလား ဆိုပြီးကြည့်မိလိုက်တော့ အားပါးပါး ဆရာသမားက အခွေလိုက်လေးရှင့်။ အိုး အပြင်ဘက်ကို ဘယ်လိုပုံစံမျိုးနဲ့ ရောက်သွားမှန်းကို မသိလိုက်တာပါ...ကံသီလို့ပေါ့…………
တော်သေးတာက အပြင်မှာ စောသေးတော့ ဘယ်သူမှမရှိသေးလို့ ဆိုပါတော့… ဟူး.. မတွေးရဲစရာပါပဲ… နောက်တော့ programming အချိန်မှာ Teacher ဒေါ်ဇင်မာအောင်က ၂ ချိန်ဆက်တိုက် lecture ပေးပါတယ်... Looping တွေပတ်လိုက် စစ်လိုက်နဲ့ C++ ကို လည်နေတော့တာပါ... ကိုယ်က ပိန်းတာလည်း ပါတာပေါ့နော်... Teacher ခမျာ အားကြိုးမာန်တက်နဲ့ သင်ရှာပါတယ်... ကျောင်းသားတွေကလည်း ကြိုးကြိုးစားစားလိုက်မှတ် ရှာကြပါတယ်… ခက်တာက အစဆိုတော့ programming အခြေခံမရှိတော့ ကိုယ့်အတွက်က ကျောင်းစစတက်ချင်းမှာပဲ programmer ဒီတသက်မလုပ်ဘူးလို့ ဆုံးဖြတ်ချက်ချခဲ့မိတာပါ… အတန်းထဲမှာက တော်တဲ့လူတွေလည်း တော်တော်လေးကို တော်ကြပါတယ်… ပါရမီပါတယ် ဆိုရမလားပဲ… ကျောင်းစစတက်ချင်းမှာပဲ Teacher ကို စာပြန်မေးရဲတာ (ဝေယံမင်းကြိုင် ဆိုတဲ့) ပန်းမိုတို့ အကြိုင်လို့ ခေါ်ခေါ်နေတဲ့ ကောင်လေးပါ… ခုလည်း သူက programmer လုပ်နေတာပါ… ရယ်ရတာက အတန်းထဲမှာ ဆွေမျိုးလည်းမတော်၊ ရုပ်ရည်ကလည်း တခြားစီနဲ့ နာမည်ချင်းဆင်နေတာ ဝေယံမင်းကြိုင်နဲ့ ဝေယံလင်းနိုင်ပါ… Teacher တွေတောင် Roll Call ခေါ်ရင်းနဲ့ ဇဝေဇ၀ါဖြစ်ပြီး မေးရပါတယ်… ရေးရင်းနဲ့ ဘယ်ရောက်သွားပြန်ပြီလည်း မသိအောင်… သိပြီ… အဲ့ဒီနေ့က programming အချိန်ပြီးတော့ မြန်မာစာချိန်ပါ… မြန်မာစာဆရာမက By Name နဲ့စာမေးပါတော့တယ်… လူက ဒူးတုန်နေတုန်းပဲ ရှိသေးတယ်… ပန်းမိုမိုမောင်တဲ့… ကံတွေများ ဆက်တိုက်ကောင်းချင်တာပါ… ဒီလိုနဲ့ 12:00PM ရှိသွားတော့ အဆောင်ပြန်ချိန် ရောက်လာရော၊ အတန်းလွှတ်တော့ မြို့ပတ်ကားသွားကြည့်ပါတယ်… လူတွေက မတိုးနိုင်တော့ လမ်းလျှောက်ရအောင်ဆိုပြီး သူငယ်ချင်းတွေ လမ်းလျှောက်လာကြပါတယ်… အဲ့ဒီမှာ စတွေ့တော့တာပါပဲ… ကိုယ်တို့ အတန်းထဲကပါပဲ… ကောင်လေးတွေ (ခပ်နောက်နောက်ခပ်ပြောင်ပြောင် ကျောက်ကျောကို ရေညှိကပ်နေတဲ့ရုပ်တွေနဲ့) (ဗျောက်အိုးဖောက်နေကြတာပါ) ရပ်နေကြတယ်… ပြုံးစိစိတွေနဲ့ပါ… ကိုယ်တို့ ရှေ့ကကောင်မလေးအုပ်စုက သူတို့ ရှေ့ကိုအရင်ဖြတ်သွားရတာပါ… ကိုယ်တို့နဲ့ သိပ်မကွာပါဘူး… အဲ့ဒီအုပ်စုဖြတ်ပြီး စက္ကန့်ပိုင်းအတွင်းမှာ ရွှီးဖောင်းဖောင်းဆိုတဲ့ အသံကြားရပါတယ်… အို့ လူက လိပ်ပြာလွင့်မတက်ကို လန့်သွားတာပါ… ရှေ့အဖွဲ့တော့မသိဘူး… ကိုယ်ကတော့ ပါးစပ်ကို အမြန်လက်နဲ့ ပိတ်လိုက်ရပါတယ်… အဲ့ဒီကောင်လေးတွေအဖွဲ့ကိုလည်း မေတ္တာတွေ အတုံးလိုက်ပို့မိပါတယ်… ကိုယ်တို့အဖွဲ့ဖြတ်သွားတော့ ဗျောက်အိုးက မပေါက်ပါဘူး… သူက ဖောက်မယ်ထင်လို့ သူ့နားသူပိတ်ပြီး ရှောင်နေတော့ မပေါက်ပါဘူး… ရယ်ရပါတယ်… အဲ့ဒီကောင်လေးက သူဖောက်တာ မပေါက်တော့ ရှက်သွားတယ်ထင်ပါတယ်… မကျေနပ်တဲ့ အသံနဲ့ Disco ၊ Very နဲ့ အမကြီးဆိုပြီး လှမ်းခေါ်ပါတယ်… ကိုယ်ပဲ Discovery ကျောပိုးအိတ်လေးကို လွယ်တာဆိုတော့ friend တွေက ကိုယ့်ကိုလက်တို့ကြပါတယ်… ကိုယ်ကလည်း အူကြောင်ကြောင်နဲ့ လှည့်ကြည့်မိတော့ မသိသလိုလုပ်ကြပြီး ရယ်ကြပါတယ်… စိတ်တိုလိုက်တာ… အဲ့ဒီ ဗျောက်အိုးဖောက်တဲ့ကောင်လေးက တခြားမဟုတ်ပါဘူး… ဇေထက်ပါ… သကြားလည်းပါပါတယ်… Very Happy
ကံမကောင်းတာကလည်း တနေကုန်ပါ… အဆောင်ပြန်ရောက်တော့ ထမင်းစားမယ်ဆိုပြီး ထမင်းချိုင့်ဖွင့်ကြပါတယ်… ကြက်သားဟင်းပေါ့… ဒီပုံမှန်အတိုင်းဆိုကောင်းပါတယ်… မကောင်းတာက ကြက်သားဟင်းထဲကပါလာတဲ့ ကြက်အမောက်ပါ… ထမင်းကို ဘယ်လိုမှ စားလို့မရတော့ပါဘူး… အဆောင်မှာ ထမင်းချိုင့်ပေးစားကြတာပါ… ချက်ခွင့်လည်း မရှိ၊ ချက်လည်း မချက်တတ်တာလည်း ပါပါတယ်… အဲ့ဒါနဲ့ သွားပြောတော့ ထမင်းချိုင့်ထုတ်ပေးတဲ့သူက ပြောပါတယ်… ကြက်အမောက်ကြိုက်တဲ့သူတွေများ ထုတ်ထုတ် ထုတ်ထုတ်နဲ့ အရမ်းကြိုက်ကြတာတဲ့… ငိုချင်သွားပါတယ်… ဘာမှလည်း မပြောချင်တော့ပါဘူး… ဒါနဲ့ ထုံးစံအတိုင်း အိမ်ကပါလာတဲ့ ဟင်းတွေနဲ့ ခေါက်ဆွဲပြုတ်လေးနဲ့ပဲ အဲ့ဒီနေ့လည်စာကို ပြီးခဲ့ရပါတယ်…
တွတ်ပီလိုတော့ ဒီနေ့ကံမကောင်းပါလားဆိုပြီး ညည်းခဲ့ရပါတယ်……………..
ဆက်ပါဦးမည်……………………….
Back to top
View user's profile Send private message Send e-mail
beibay
G.C.C guest

Joined: 16 Jan 2008
Posts: 6

PostPosted: Fri Jan 18, 2008 1:39 am    Post subject: Reply with quote

pannmo wrote:

အမရေးထားတာကြည့်ပြီးကျောင်းကိုလွမ်းလို်က်တာအမရယ်
ငိုတောင်ငိုချင်လာပြီ ဟင့်
Back to top
View user's profile Send private message
AUNG BO BO
Site Admin
Site Admin

Joined: 21 Jun 2007
Posts: 38

PostPosted: Fri Jan 18, 2008 1:34 pm    Post subject: ကျွန်တော်ပြောချင်တဲ့ Reply with quote

အင်း အမှတ်၇စ၇ာ တစ်ခုလို့ပြောလို့လည်း ရသလို .. ရယ်စရာတစ်ခုလို့လည်း ပြောလို့ရပါတယ် ..

3RD YEAR နောက်ဆုံးနှစ် စာမေးပွဲဖြေတုန်းကပေါ့ ... သူများတွေက စာတွေကျက်နေကျတဲ့ အချိန်မှာ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်ဖြစ်တဲ့ .. ကျွန်တော်၊ စိုးသူရအောင်၊ ကြည်မင်းထက်၊ ဖြိုးကိုကို၊ အောင်နိုင်ဟိန်း ၊ ကျော်ကျော်ထွန်း တို့ တစ်သိုက် ဂစ်တာတီးလိုက် .. ဘောကန်လိုက် လုပ်နေကြပါတယ် ..

အဲဒါကို ကျွန်တော်တို့ တစ်တွေက မေးခွန်းရပါတယ် .. သူတို့ကို မပေးပါဘူးဆိုပြီး ဖြစ်သွားကြလေရဲ့ ..
အင်း .. သူတို့ မေးခွန်းလေး ကြတော့ လုံးလုံး မပေးကြဘူးဗျ ... ကျွန်တော်တို့ကတော့ မေးခွန်းပေးလည်း စာမှ မကြည့်တာ .. ရှိလည်း မထူး မရှိလည်း မထူးပါ .. ဟီးဟီး ..

တစ်တန်းလုံးနဲ့ ကျွန်တော်တို့ တစ်သိုက် အခင်အမင်ပျက်ကုန်ပါရော .... သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေကတောင် မခေါ်ကြတော့ဘူးဗျာ ..အင်း ကလေးစိတ်တွေ မကုန်ကြသေးပဲကို .. ဟီးဟီး ..

ဘာပဲ ပြောပြော အဲဒီကြောင်း အခုပြန်တွေးမိရင် ရယ်ချင်နေတုန်းပဲ ...
_________________
============================
G.C.C က အမှတ်ရစရာများကို အမြဲသတိရနေကြပါ .......
(from 2002 to 2004) 2001 batch
Back to top
View user's profile Send private message
zayhtat
Drunker Man
Drunker Man

Joined: 26 Jun 2007
Posts: 38
Location: thonze

PostPosted: Tue Jan 22, 2008 7:55 pm    Post subject: zayhtat zayht zayh zay za z zzzzzzzzzzzzzzzz Reply with quote

ပုံ့ပုံ့ရဲ့ သူပြောတဲ့ကျောင်းအကြောင်း ဖတ်ပြီး စိတ်ပါလာလို့ ကျွန်တော်လည်း ရေးဦးမယ်ဗျာ။(ရေးစေဗျား)
သူများတွေကိုသာ အတင်းရေးခိုင်းနေ မကောင်းဘူးလေ...အဟီး...
ကဲလာဘီ ဘေထက်ရဲ့ အပေအတေမှတ်တမ်း.....
ကျွန်တော်က တောင်ငူကျောင်းကို လုံးဝမတက်ချင်ဘူးဗျာ.....
တောင်ငူက မြန်မာပြည်မြေပုံ ဘယ်မှာရှိမှန်းတောင် မသိဘူး၊ ဒါပေမဲ့ ကျောင်းလာအပ်ရောဗျာ....သစ်တောကျောင်းမှာပေါ့။

ကျောင်းအပ်တုန်း တွေ့လိုက်ရတဲ့ ကောင်မလေးတွေက အလန်းတွေဗျာ၊ လန်းမှာပေါ့ နောင်တစ်ချိန် (Queen)ဖြစ်မဲ့ မမိုးစန္ဒီဝင်းတို့အဖွဲ့ပဲ။

ကျွန်တော်နဲ့အတူတူ ကျောင်းအပ်တာက Girl E.C ဖြစ်မဲ့ လွင်ငြိမ်းသူ....အဲဒါနဲ့ ကျွန်တော်လဲ တစ်ခါတည်းတောင် ကျောင်းတက်ချင်သွားတယ်။

နောက် အဆောင်ငှားတော့ ဧကရီက မာမီကြီးကဗျာ...ကျွန်တော့အမေကို ဧကရီဆောင် လိုက်ကြည့်ခိုင်းတယ်ဗျာ၊ ကျွန်တော်ပဲ

ဧကရီမှာနေရမဲ့အတိုင်း..နောက်မှ န၀ရတ်ဆောင်တဲ့၊ ဧကရီလို ထားမှာ ဘာညာနဲ့ပေါ့ဗျာ။ အဲဒါနဲ့ န၀ရတ်မှာငှားဖြစ်ရောဗျာ...

န၀ရတ်အဆောင်ဆိုတာက ရဲစခန်းလမ်းထိပ်ဗျာ၊ မင်းကြီးကြိုက် ခေါင်ရည်ဆိုင်နဲ့မျက်စောင်းထိုး၊ ထွန်းသီရိစတိုးနားကဗျာ..မမှတ်မိမှာစိုးလို့ပါ။

ကျောင်းတွေတက်ရပြီဆိုတော့ ကျောင်းကို ၄/၅ ရက်လောက် နောက်ကျမှရောက်ဖြစ်တယ်ဗျာ၊ မြို့သစ်ကိုစရောက်တော့ ညနေစောင်းနေပြီ၊

ကျွန်တော့်အမေရယ်၊ အစ်ကိုဝမ်းကွဲရယ်၊ ပြီးတော့ ဘလာဘလာလေးရယ်ပေါ့ လိုက်ပို့တယ်။
အဲ့ဒီဘလာဘလာနဲ့ အဲ့ဒီခရီးက သူနဲ့ကျွန်တော်ရဲ့နောက်ဆုံးခရီးပဲ၊ ထားပါတော့ ကြော်ငြာဝင်တာမဟုတ်ဘူးနော်၊(ကြွားတာ)

အဆောင်ရောက်တော့ အဆောင်မျက်စောင်းထိုးက ခေါင်ရည်ဆိုင်ကလည်း လူတွေစည်နေပြီဗျာ၊ မြင်ရတာပျော်စရာကြီး၊
အဆောင်ထဲက ကောင်တွေကလဲ ခြင်းခတ်နေကြလို့ ပျင်းစရာကြီး၊အမေတို့လဲအဆောင်ပို့ပြီးကားပေါ်တက်ရော.........
တစ်ဆောင်တည်းသားဖြစ်မဲ့ ကောင်တွေကိုမျက်မှန်းတန်းမိအောင်ကြည့်ပြီး ကျွန်တော်လည်းခေါင်ရည်ဆိုင်ရောက်ပေါ့.......အဟီး....

ရောက်ရောက်ချင်းဆောက်နဲ့ထွင်းမဟုတ်ဘူး......ရောက်ရောက်ချင်းခေါင်ရည်သွင်းပစ်တာ..... ရှင်းရော...
သောက်ပြီးတော့

အဆောင်ကကောင်တွေကို ပြန်မိတ်ဆက်တယ်ဗျာ
န၀ရတ်မှာတုန်းက အရင်ရောက်နှင့်တာက ရဲလင်းထွန်း(နောင်တစ်ချိန်ဇော်ပိုင်ဆိုတဲ့ကောင်) ရွှေကျင်သား(ခေါ်)ကျင်ရွှေ၊ နောက်ထင်လင်းထ္ဒွဋ်

(ခေါ်)ထ္ဒွဋ်ကြီး၊ နောက်မြင်မြင်ချင်း ဂျော်ဒန်လို့အမည်ပေးမိတဲ့ ဝေယံလင်းနိုင်နဲ့ဥာဏ်လင်းအောင်လို့ ပဲခူးသား(၃)ယောက်၊

ဇေယျဝတီကုလားမြို့က တရုတ်ကြီး ရန်နိုင်မျိုး(ခေါ်) နိုင်ကြီး၊ နဲ့လူကောင်သေးလို့ အာနိုးလို့အမည်ပေးထားတဲ့ ရဲလင်းအောင်(ပဲနွယ်ကုန်းသား)နဲ့
အခန်းချော် ဟိန်းထ္ဒွဋ် (သနပ်ပင်သား နောင်တစ်ချိန် ဘုရားစူး (King)ဖြစ်မဲ့ကောင်) တို့

ငါးယောက်ပေါ့ဗျာ.....
အဆောင်ရောက်ရောက်ချင်းနေ့က မီးမလာဘူးဗျ.....အဲဒိအချိန်မှာအဆောင်ကကောင်တွေ ဘာလုပ်တယ်မှတ်လဲ...?
အမယ်...ဖယောင်းတိုင်နဲ့စာကြည့်နေကြတာများ.....ရုးသွပ်သွားမယ်နော်....
အဲဒီအချိန်မှာ ငါတော့အဆောင်မှားနေမိပြီပေါ့ဗျာ.....ဟုတ်တယ်လေ

ကွန်ပျူတာသာ ကံကောင်းလို့လား၊ ကံဆိုးလို့လားမသိဘူး၊ ရောက်လာတာ စာဆိုတာကို တစ်ခါမှ မတစ်ခါဘူးဘူး၊ သူတို့လို ..
အဲဒီညမှာပဲ ထွဋ်ကြီး၊ကျင်ရွှေနဲ့ စကားထိုင်ပြော၊ သူငယ်ချင်းတွေ ဖြစ်ပေါ့ဗျာ၊ လက်ဘက်ရည်ဆိုင် အားလုံးနဲ့ထိုင်ရင်း ရင်းနှီးသွားကြတယ်ပေါ့ဗျာ။

သြော်.. အဆောင်မှူးအကြောင်းပြောရဦးမယ်၊ အဆောင်ပိုင်ရှင်ရဲ့သား မာမီကြီးရဲ့တူပေါ့ဗျာ၊

ဇေထက်တို့ရဲ့အဆောင်မှူးပဲဗျာ၊ ပေါ့သေးသေးမှတ်လို့ လေးကြီးကြီးဗျ၊ လေးကြီးကြီး......၊
သူ့လေးကြီးကြီးက မိန်းမလေးယောက်ရှိဘူးတာမှ နောက်ဆုံးမိန်းမနဲ့ ကလေးတောင် တော်တော်ကြီးနေပြီ၊

ဒါကအဆောင်ရောက်ရောက်ချင်း ခေါင်ရည်နဲ့သွင်းအကြောင်းပေါ့ဗျာ၊

မနက်ဖြန်ကျွန်တော်တို့ဆောင်သားအားလုံးကျောင်းသွားတော့
သစ်တောကျောင်းကတော်တော်ဝင်ရတယ်ဗျာ......အဲဒါနဲ့သူငယ်ချင်းအားလုံးကို ငါတို့ဒီလမ်းကိုတော်ဝင်လမ်းလို့

အမည်ပေးကြမယ်လို့ဆိုတော့....အားလုံးသဘောတူကြတယ်....ကျောင်းခန်းထဲရောက်ရောဗျာ.....အမယ်ကွန်ပျုတာကောလိပ်ဆိုတော့ KMD

တို့MCCတို့လိုကွန်ပျုတာနဲ့သင်ရမယ်မှတ်လို့...အမေရေ...မွေးကတဲကတက်လာတဲ့ ကျောင်းတွေအတိုင်း

ဗလာစာအုပ်ကြီးနဲ့ဗျာ...ကူးရေးနေတာများမှန်းချက်နဲ့ ထန်းတက်ကမှ ဆန်ဆေးရေ ရောလို့ကိုက်သေး......
စာသင်ခန်းထဲရောက်တော့အပေအတေတို့အကျင့်အတိုင်း နောက်ဆုံးတန်းခုံမှာပေါ့ဗျာကျွန်တော်ရယ်၊ကျင်ရွှေရယ်ထွဋကြီးနဲ့

ဂျော်ဒန်ပေါင်းလေးယောက်ထိုင်တယ်...နောက်ကျောင်းဆင်းတော့မေသူ မြတ်မွန်(ခေါ်)မြွေသူမျောက်မ(သုံးဆယ်သူ)နဲ့နှုတ်ဆက်တယ်

သူနဲ့ကတမြို့တည်း၊အိမ်နီးချင်းတခါမှမျက်နှာကြောမတည့်တာ ကျောင်းရောက်မှနှုတ်ဆက်ဖြစ်တာ..... (သူနဲ့ကျတော်ကရုပ်ချင်းရော

ပုံစံချင်းခပ်ဆင်ဆင်ဗျာ အရက်ဆိုင်ဘေးကတော့သူကို မီန်းကလေးတန်မဲ့အရက်ဆိုင်ဝင်၇လားလို့မှာပြောသေး

2yearတုန်းက..ဟီးဟီးဒါကစကားမစပါ) ဒါနဲ့ကျွန်တော်ရဲ့စာသင်ခန်းပထမဆုံးနေ့က မထင်မရှားနဲ့ပဲပြီးသွားတယ်ပေါ့ဗျာ

နောက်မှမထင်မှတ်တာတွေကို မရှားမပါးလုပ်တတ်မှန်းအားလုံးသိသွားကြတာ
အခန်းထဲမှာမိန်းခလေးတွေနဲ့ သူငယ်ချင်းစဖြစ်တာကလှသူဇာလွင် သူဇာနဲ့မရီရီပြုံးတို့နဲ့....အကောင်ထဲကဆို

အကောင်သေးသေးနဲ့အောင်လေးဆိုတဲ့ အောင်သက်ဦး....သူတို့အဆောင်ကဂွေးတန်းလန်းအဲမှားလို့ golden land
အဆောင်....ကြည်သာထက်တို့အိမ်.....
အောင်သက်ဦးကကျွန်တော်နဲ့ ပေါင်းမိတော့တာဘဲ အဲဒီကောင်လူပေါင်းမှားမိတာလေ...လူပေါင်းမှားတတ်မှတော်သေး

ညနေရောက်တိုင်းသောက်ဖော် သောက်ဖက်ကကျော်လင်းထက်နဲ့ စိုးဝဏ္ဍဇော်၊ယမင်းကျော့ အမည်နဲ့ အမျိုးသားဆောင်က..
အောင်လေးလဲပါတယ်ပေါ့ ဗျာ...
တပတ်လောက်ကြာတော့ စာသင်ခန်းထဲကိုကျောင်းသားအသစ်တကောင်ရောက်လာတယ်ဗျ........

နားအုံးမယ်.......လက်ညောင်းလို့ ..
_________________
ကျောင်းမှာဂစ်တာတီးပီးသီချင်းဆိုတဲ့ ဘ၀ခဏပြန်ရချင်တယ်...
Back to top
View user's profile Send private message
sugar
G.C.C guest

Joined: 07 Nov 2007
Posts: 7

PostPosted: Thu Jan 24, 2008 5:31 pm    Post subject: Reply with quote

ဆက်ရေးကြအုံးလေ...ဘာတွေလုပ်နေကြတာလဲ....?
_________________
ကောင်မလေးတွေ အိုးလေးလှုပ်ပါဟေ့ ..............
Back to top
View user's profile Send private message Send e-mail
mgmgmyo
G.C.C guest

Joined: 22 Jan 2008
Posts: 2

PostPosted: Sat Jan 26, 2008 4:01 pm    Post subject: Reply with quote

Bar tway shout yay nay kya tone....!
Back to top
View user's profile Send private message
zayhtat
Drunker Man
Drunker Man

Joined: 26 Jun 2007
Posts: 38
Location: thonze

PostPosted: Sat Jan 26, 2008 8:01 pm    Post subject: Reply with quote

mgmgmyo wrote:
Bar tway shout yay nay kya tone....!

lar mel min akyaung thaey pho thar pyin Laughing Laughing Laughing
_________________
ကျောင်းမှာဂစ်တာတီးပီးသီချင်းဆိုတဲ့ ဘ၀ခဏပြန်ရချင်တယ်...
Back to top
View user's profile Send private message
pannmo
Junior G.C.C User

Joined: 12 Jan 2008
Posts: 18

PostPosted: Mon Jan 28, 2008 2:41 pm    Post subject: Reply with quote

zayhtat wrote:
mgmgmyo wrote:
Bar tway shout yay nay kya tone....!

lar mel min akyaung thaey pho thar pyin Laughing Laughing Laughing

အင်းဟုတ်တယ်။ busy နေလို့ မရေးဖြစ်သေးတာ ။ ရေးတာနဲ့ အကုန်လုံးအကြောင်းကိုရေးမှာ... Wink
Back to top
View user's profile Send private message Send e-mail
myoeminthein
G.C.C guest

Joined: 07 Jan 2008
Posts: 5

PostPosted: Fri Jul 04, 2008 8:09 pm    Post subject: read lo ma ya par Reply with quote

myanmar font twe ka read lo ma ya par byo:? Confused
notepad hte myar hte pe read nay ya tal Razz
Back to top
View user's profile Send private message
Display posts from previous:   
Post new topic   Reply to topic    Welcome To G.C.C Taung Ngu Forum Index -> Your Student Life in Taungngu
All times are GMT + 8 Hours

Page 1 of 1

Jump to:  
You cannot post new topics in this forum
You cannot reply to topics in this forum
You cannot edit your posts in this forum
You cannot delete your posts in this forum
You cannot vote in polls in this forum

Theme ACID HEDONISM